Quantcast
Channel: ကဗျာချစ်သူ (ခေးရော့စ်)
Viewing all articles
Browse latest Browse all 31

နှုတ်ဆက်သူ

$
0
0
အို အသင်လောက
အညစ်အကြေးတွေဖုံးလွှမ်း
မလန်းမဆန်းနဲ့ပါလား..

ဒေါသ
မောဟ
သောက
မာန
ရာဂနဲ့ ပနံမသင့်ကြတော့
စိတ်ဓါတ်တွေ ညစ်ညမ်း။

မေတ္တာ
သစ္စာနဲ့
အနစ်နာ
လူတွေ အပြစ်ရှာနေတဲ့
ဒီလောက ကမ္ဘာ။

မပါတ်သက်ချင်တော့ဘူး..
ထွက်ခွာပါရစေတော့
ဖျောင်းဖျလို့မှမရ
နားချလို့မှ မကျတဲ့
အပူမီးတွေ…

အတွေးအခေါ်
အယူအဆ
ပညတ်ချက်များ
ဘာသာတရားရဲ့ အဆုံးအမများ
ငါ…ရုန်းရင်းဆန်ခတ် ပြုတ်ကျသွား
မတူညီမှု အရောင်စုံနဲ့
မျက်လုံးထဲက မီးတောက်များ
အစွန်းရောက် ကမ်းပါးနားမှာ
ခိုနားလေသလား….

တစ်ရစ်သထက်တစ်ရစ်
တိုးလို့လာတဲ့ သံယောဇဉ်ကြိုး
ကံကြမ္မာ ခြေခံထိုးတဲ့
ဒီအမုန်မျိုး
ထာဝရ နှုတ်ဆက်လို့
ငါ တစ်ရွေ့ရွေ့…………

ခေးရော့စ်

Viewing all articles
Browse latest Browse all 31

Latest Images

Trending Articles


ဇင်းမယ်ကို သိမ်းပိုက်ခြင်း


ဘတ်စ်ကားပေါ်က ထောက်လှမ်းရေးများ || မိမိသန့် ||


၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည့် အစီအစဉ် ကြေညာခြင်း


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂


သွေးနဲ့ရင်းတဲ့မြေ (၁၄)(ဇတ်သိမ်း)


ဂေါ်ရခါးရိုးရာယဉ်ကျေးမှု၏ ဒီပ၀ါလီပွဲတော် အထိမ်းအမှတ်ဧည့်ခံပွဲ တာချီလိတ်တွင် ကျင်းပ


မင်းရဲကျော်ထင် (၁၆၅၁ - ၁၆၉၈ )


ဘာသာရေးအကြောင်းပြ လော်စပီကာများတားပေးပါ


နိုင်ငံရေး မှာ စစ်တပ် မပါလာစေချင်ရင်...